Thursday, January 29, 2015

ထူးအိမ်သင် ညီလေးရေ


လူငယ်၊ ညီငယ်များကို အကိုတစ်ယောက်နေရာမှ မှန်ကန်စွာလမ်းညွှန်ပေးတဲ့ သီချင်းလေးပါ...
ကိုငှက်(ထူးအိမ်သင်) သီဆိုထားတာပါ...အကိုကြီးတစ်ယောက်ရဲ့ ညီတစ်ယောက်အပေါ်ထားရှိတဲ့စေတနာကိုပေါ်လွင်စေတဲ့ သီချင်းလေးပါဗျာ...
လောကတရားကိုလည်း ညွှန်ပြထားပါသေးသဗျ...ဒီသီချင်းလည်း ကျွန်တော်အကြိုက်ဆုံးထဲကပါပဲ...ဘယ်လောက်လည်းဆိုရင်...
ကိုငှက်ရဲ့ ဒီသီချင်းကို ကျွန်တော် Stereo , Mono နှစ်မျိုးလုပ်ပြီးသိမ်းထားမိတဲ့အထိပေါ့...တစ်ခါခါ နားကြပ်နဲ့နားထောင်ရင် Stereo Version က တစ်ဖက်ကတီးလုံးသံ၊ တစ်ဖက်က

ဆိုတဲ့အသံလေ...
Mono Version မှာကျတော့ နားကြပ်နှစ်ဖက်စလုံး တီးလုံးရော၊ အဆိုသံပါ ပါတယ်...ကဲ...ကြိုက်ရာကိုအောက်မှာဒေါင်းလုပ်ဆွဲပါဗျာ...
ထူးအိမ်သင်ရဲ့ ညီလေးရေ သီချင်းပါ...
Stereo Version ကိုဒေါင်းလုပ်ဆွဲချင်ရင်
ဒီနေရာကိုနှိပ်ပါ
မရရင်
ဒီနေရာကိုနှိပ်ပါ...
Mono Version ကိုဒေါင်းလုပ်ဆွဲချင်ရင်
ဒီနေရာကိုနှိပ်ပါ
မရရင်
ဒီနေရာကိုနှိပ်ပါ...
အောက်က သီချင်းစာသားပါဗျာ...

အီးတီ
29.1.2015 ဆေးရုံမှ
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းသို့

ထူးအိမ်သင် ညီလေးရေ


ညီလေးရေ လမ်းမမှားအောင်ရွေးကာ

အချိန်များဟာ နည်းလွန်းတယ် ဘဝမှာ


ညီလေးရေ မြစ်တစ်ခုမှာရေနှစ်ခါ

ချိုးလို့မရနိုင်တာ မင်းနားလည်ပါ


ညီလေးရေ လောကစာမျက်နှာ

သင်ကြားပါ ကောင်းမှုရှာတဲ့အခါ


ညီလေးရေ အများအကြိုးဆောင်ယူပါ

နှလုံးသားရဲ့အမှန်တရား စွဲမြဲခိုင်မာ


စည်းနှစ်ဖက်ရဲ့ကြား မင်းမရပ်နဲ့ကွာ တွေဝေတတ်သူအလုပ် တို့နဲ့မဆိုင်ပါ

လမ်းတစ်ခုသာရွေး အမှားသို့မဟုတ်အမှန် ဒါပဲပေါ့ကွာ ယုံကြည်စိတ်ထား

မင်းသွေးများအားနည်းနေလား သွေးသစ်လဲလိုက်ပေါ့ အမှန်တရား

လောကကောင်းကြိုးထမ်းရွက်မယ့် လူသားတစ်ယောက်အဖြစ်နဲ့


ညီလေးရေ လမ်းရွေးပြီးရင်သွားကွာ

အချိန်မရှိပါ တို့နောက်မှာသေခြင်းတရား


ညီလေးရေ လမ်းဆုံးရင်ရွာတစ်ရွာ

ရောက်ရှိဖို့ယုံပါ စွဲမြဲခိုင်မာ


စည်းနှစ်ဖက်ရဲ့ကြား မင်းမရပ်နဲ့ကွာ တွေဝေတတ်သူအလုပ် တို့နဲ့မဆိုင်ပါ

လမ်းတစ်ခုသာရွေး အမှားသို့မဟုတ်အမှန် ဒါပဲပေါ့ကွာ ယုံကြည်စိတ်ထား

မင်းသွေးများအားနည်းနေလား သွေးသစ်လဲလိုက်ပေါ့ အမှန်တရား

လောကကောင်းကြိုးထမ်းရွက်မယ့် လူသားတစ်ယောက်အဖြစ်နဲ့


ညီလေးရေ မင်းအကြောင်းဟာသမိုင်းမှာ

မှတ်သားစရာ မရှိခဲ့တယ်မဟုတ်ပါ


ညီလေးရေ အားလုံးဟာမရေရာ

ဝမ်းနည်းဖို့မလိုတာ မင်းနားလည်ပါ

>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Monday, January 26, 2015

ဖြိုးကြီး ရွှေမင်းသမီးနဲ့ ဂစ်တာအို + ရည်ရွယ် စာ (၁)

  ရည်ရွယ် စာ (၁)


ငှက်ကလေးတွေတောင် ကောင်းကင်ယံထဲ
အတူပျံသန်းသွားကြပြီ ကောင်မလေးရေ...
ငါတို့ကတော့
အတောင်ပံတစ်စုံတောင် ဝယ်မနိုင်သေးဘူး

အကြောက်တရားဆိုတာမျိုးဟာ
ခုခံကာကွယ်နိုင်စွမ်းမရှိတဲ့ အချိန်မှာ
ပိုသွားတတ်တာမျိုး ဖြစ်မယ် ထင်ပါတယ်
ဟိုးအဝေးက
ကောင်းကင်ပြာပြာလေးတွေထဲကို
မိုးသားမဲမဲကြီးတွေ တိုးဝင်သွားမှာကို
ငါကြောက်တယ် ကောင်မလေးရေ...

မျှော်လင့်ချက်ဆိုတာ
သေဆုံးတတ်တာမှ မဟုတ်တာပဲ
ကောင်မလေး သိထားရမှာက
ငါတို့မသေဆုံးသေးသမျှ
မဖြစ်နိုင်တာ မရှိဘူး ဆိုတာကိုပေါ့...

ကောင်မလေးရေ...
ငါထင်တာကတော့
ငါတို့အတွက် လှပတဲ့အနာဂါတ်ဆိုတာ
အခုဒီခဏပြီးရင်တောင် ရှိနေနိုင်တယ်...
သိလား...

အီးတီ(26.1.2015 2:00AM ဆေးရုံတက်နေစဉ်)

ဒီကဗျာလေးပုံနဲ့ စာပါတဲ့ ဖြိုးကြီး ရဲ့ ရွှေမင်းသမီးနဲ့ ဂစ်တာအို mp3 ကို
ဒေါင်းလုပ်ဆွဲချင်ရင် ဒီနေရာကိုနှိပ်လိုက် ပါနော်...
မရရင်
ဒီနေရာကိုနှိပ်ပြီးဒေါင်းလုပ် လုပ်ပါ...
ဖုန်းကနေလည်းဒေါင်းလုပ်ဆွဲလို့ရပါတယ်ခင်ဗျာ...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Sunday, January 25, 2015

Iron Cross 20th Anniversary (2015) Live Show Mp3

IC နှစ် ၂၀ ပြည့်အခွေလေးပါ...ကျွန်တော်က အခုဆေးရုံမှာ အတွင်းလူနာအဖြစ်ရောက်နေပါတယ်...
သွားလည်းမကြည့်နိုင်တော့ အင်တာနက်ပေါ်တင်ပေးတာလေးကိုပဲ နားထောင်ရပါတယ်ဗျာ...
နောက်ပြီး IC က ကျွန်တော့် Crazy လေ...သူ့အခွေလေးကို ကျွန်တော့် Blog မှာရှိစေချင်တယ်လေ...
အဲဒီစိတ်တစ်ခုနဲ့ကျွန်တော်တင်ပေးဖြစ်ပါတယ်...ကဲ လိုချင်သူတွေ ဒီမှာနှိပ်လိုက်ပြီး ဒေါင်းလုပ်ယူလိုက်ပါနော်...
RAR နဲ့တစ်ခွေလုံးကိုတစ်နေရာတည်းပေါင်းပြီးတင်ပေးထားပါတယ်...68.7 MB ရှိပါတယ်...
မူရင်းအခွေကိုလည်း ဝယ်ယူအားပေးကြစေချင်ပါတယ်ဗျာ...
ဒါမှလည်း ကျွန်တော်တို့ရဲ့ IC ရေရှည်တည်တံ့နေမယ်လေ...
ကဲ...IC Crazy တွေရေ...အောက်မှာက နှစ် ၂၀ ပြည့် ခွေထဲမှာပါတဲ့သီချင်းတွေပါနော်...
တစ်ပုဒ်ချင်းဒေါင်းလုပ်ဆွဲချင်ရင်တော့ အောက်က ကိုယ်ကြိုက်တဲ့သီချင်းနာမည်လေးတွေကို နှိပ်လိုက်ရုံပါပဲဗျာ...

 01. ကမ္ဘာကြီးကလုံးပြီးဝိုင်းနေတော့ - လေးဖြူ

02. အမဲလိုက်အက - လေးဖြူ

03. စာမျက်နှာတစ်ဆယ့်ငါး - လေးဖြူ

04. ငါသေနိုင်တယ် - အငဲ

05. မယုံနိုင်ဘူး - အငဲ

06. ရော့ခ်သီချင်းတစ်ပုဒ် - မျိုးကြီး

07. မျှော်လင့်ချက်မဲ့ - မျိုးကြီး

08. အေးဆေးပါ - ဝိုင်ဝိုင်း

09. တမ်းတ - ဝိုင်ဝိုင်း

10. မလုပ်နဲ့ - လေးဖြူ

11. မျှော်လင့်ခြင်းလေး - လေးဖြူ

12. ငါရဲ့လမင်း - လေးဖြူ

13. ပက်သက်ခဲ့သမျှ - အငဲ

14. အချစ်ဦးပုံပြင် - အငဲ

15. စိတ်ထွက်ပေါက် - ဝိုင်ဝိုင်း

16. ထာဝရအဆုံးထိ - ဝိုင်ဝိုင်း

17. အခမ်းနားဆုံး - မျိုးကြီး

18. ပြန်ရအုံးမလား - မျိုးကြီး


>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

Tuesday, January 20, 2015

ဖေမြင့် ဒေးလ်ကာနက်ဂျီ (လူသန်းပေါင်းများစွာဧ။်ဘဝကို ပြောင်းလဲစေခဲ့သူ)

စကားပြောခြင်း၊ လူမှုဆက်ဆံရေးအတတ်ပညာကြောင့် အောင်မြင်မှုတွေရရှိသွားတဲ့ သူတစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးနိုင်တဲ့ ဆရာတစ်ယောက်အကြောင်းကို ရေးထားတာပါ...
သူမွေးထုတ်ပေးခဲ့တဲ့ အောင်မြင်မှုတွေက လူသန်းပေါင်းများစွာပါပဲ...သူကိုယ်တိုင်လည်း တအားချမ်းသာသွားပါသတဲ့...
စကားပြောတာပဲကွာ လွယ်ပါတယ်လို့မထင်ပါနဲ့...သူ့ရဲ့အတုယူစရာကောင်းတဲ့ ဆွဲဆောင်မှုတွေက သူ့ကိုအောင်မြင်စေခဲ့ပါတယ်...
သူ့ဘဝ၊ သူဖြတ်သန်းခဲ့သမျှအတွေ့အကြုံကလည်း အတုယူ၊ အားကျစရာတွေများလှပါတယ်...ဆရာဖေမြင့်ရဲ့ စာအုပ်တွေတိုင်းလိုလို စိတ်ဓါတ်ခွန်အားဖြစ်စေပါတယ်...
ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ...အထူးသဖြင့် စကားအရာမှာ မကျွမ်းကျင်သူတွေလေ့လာသင့်မယ် ထင်ပါတယ်...
လိုချင်ရင် ဒီနေရာကိုနှိပ်ပြီး ဒေါင်းလုပ်လုပ်ပါ...
မရဘူးဆိုရင် ဒီနေရာကိုနှိပ်ပြီး ဒေါင်းကြည့်ပါ...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

ဦးဝင်းမြင့်​ ယိုးဒယားလို​ပြောကြစို့


ဦးဝင်းမြင့်​ ယိုးဒယားလို​ပြောကြစို့ ဆိုတဲ့ ထိုင်းစကားပြော အိတ်ဆောင်စာအုပ်လေးပါ...
ထိုင်းရောက်နေကြတဲ့ ကျွန်တော်တို့လို မြန်မာတွေအတော်များများဆောင်ထားတတ်တဲ့ စာအုပ်လေးပေါ့...
လင့်နှစ်ခုခွဲတင်ပေးထားပါတယ်...တစ်ခုမရတစ်ခုကနေ ဒေါင်းလို့ရအောင်ပေါ့...
ကဲလိုချင်သူတွေ ဒီမှာနှိပ် မရရင် ဒီမှာနှိပ်ပြီး ဒေါင်းလုပ်လိုက်ကြပါဗျာ...ဖုန်းကနေလဲ ဒေါင်းလုပ်ဆွဲလို့ရအောင် တင်ပေးထားပါတယ်...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

ဖေမြင့် နှလုံးသားအာဟာရ ရသစာများ (ပထမတွဲ + ဒုတိယတွဲ)



ဆရာဖေမြင့်ရဲ့ စာအုပ်တွေထဲမှာ အကြိုက်ဆုံး လည်းဖြစ်၊ ဖတ်ပျော်တဲ့ စာအုပ်လေးတွေပါ...စာကောင်းပေကောင်းဆိုတာ လူတစ်ယောက်အတွက် အများကြီး အကြိုးရှိတယ်လေ...
တကယ့်ကို သင်ခန်းစာယူစရာ၊ စိတ်ဓါတ်ကို ပြုပြင်ပေးမဲ့ စာလေးတွေ စုစည်းထားတာပါ...
စိတ်နှလုံးကို တကယ့်ခွန်အား၊ တကယ့်အာဟာရ ပေးပါတယ်ဗျာ...
ဒီစာအုပ်ကတော့ ပထမတွဲ နဲ့ ဒုတိယတွဲ နှစ်အုပ်ထွက်တာပါ...ကျွန်တော် နှစ်အုပ်လုံး Upload ပေးထားပါတယ်...
ဖုန်းနဲ့ အင်တာနက် အသုံးပြုသူတွေပါ ဒေါင်းလုပ်ဆွဲနိုင်အောင် တင်ပေးထားပါတယ်ဗျာ...

ဖေမြင့် နှလုံးသားအာဟာရ ရသစာများ ပထမတွဲ စာအုပ်ကို
ဒီနေရာကိုနှိပ်ပြီး ဒေါင်းပါ...မရရင် ဒီနေရာကိုနှိပ် လိုက်ပါနော်...

ဖေမြင့် နှလုံးသားအာဟာရ ရသစာများ ဒုတိယတွဲ စာအုပ်ကို
ဒီနေရာကိုနှိပ်ပြီး ဒေါင်းပါ...မရရင် ဒီနေရာကိုနှိပ် လိုက်ပါနော်...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>

ခင်မောင်တိုး ချစ်သူသိစေ (Live Show Version)


ပန်းပွင့်ရှိမှ နမ်းရတာမဟုတ်ဘူး
ဖူးသည့်အငုံထုံသည့်တစ်ပွင့်
နမ်းခွင့်တစ်ရှိုက်ရခိုက်မှာ
ထာဝရအမြဲတည်
နှလုံးသားမှာစွဲမြဲစွာထုံရစ်
ဆွတ်ပျံ့နေချစ်သူသိစေ...
..........................................

တွေ့ခွင့်ရမှ မင်းမျက်နှာလဝန်း
ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့်
မင်းမရှိလည်းစွဲမြဲစွာ
ဘယ်လောက်ဝေးနေ
မော့ကြည့်ရင်မိုးကောင်းကင်လိုရှိ
တွေ့လို့နေချစ်သူသိစေ...
.........................................

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ကဗျာကို
သီချင်းအဖြစ်ဖန်တီးထားတာပါ....
ကိုတိုးကြီးကဆိုတော့ ကျွန်တော်အကြိုက်ဆုံး သီချင်းတစ်ပုဒ်ဖြစ်သွားရော...
မူရင်းကဗျာကလည်း တအားကောင်းလို့ပါ...
ချစ်သူသိစေ တဲ့....
လှလှပပ တည်ဆောက်ထားတဲ့ သီချင်းလေးတစ်ပုဒ်ပါဗျာ...
ချစ်သူနဲ့ဝေးနေပေမယ့် စိတ်ကအမြဲနီးနေတယ်ဆိုတဲ့ခံစားချက်မျိုးနဲ့ သီဖွဲ့ထားတာပါ...
လောလောဆယ်တော့ ကျွန်တော့်ရဲ့ Favourite သီချင်းလေးပါပဲ..
ကျွန်တော်လည်းအဲဒီလို ခံစားနေရတယ်လေ...
ဟဲဟဲ...ကြော်ငြာဝင်ကြည့်တာ...
ကဲ...
ချစ်သူသိစေ တဲ့...
ခင်မောင်တိုး(ကိုတိုးကြီး)ဆိုထားတာပါနော်...
Live Show Version ပါ...
နားထောင်ချင်သူတွေအတွက်
ဒီမှာ ယူလိုက်ပါဗျာ...
ဖုန်းကနေ အင်တာနက်အသုံးပြုသူတွေကတော့
ဒီမှာ ယူလိုက်ပါဗျာ...
>>>အပြည့်အစုံကိုဆက်ဖတ်ချင်ရင် ဒီနေရာကိုနှိပ်လိုက်ပါ>>> >>