Thursday, January 29, 2015

ထူးအိမ်သင် ညီလေးရေ


လူငယ်၊ ညီငယ်များကို အကိုတစ်ယောက်နေရာမှ မှန်ကန်စွာလမ်းညွှန်ပေးတဲ့ သီချင်းလေးပါ...
ကိုငှက်(ထူးအိမ်သင်) သီဆိုထားတာပါ...အကိုကြီးတစ်ယောက်ရဲ့ ညီတစ်ယောက်အပေါ်ထားရှိတဲ့စေတနာကိုပေါ်လွင်စေတဲ့ သီချင်းလေးပါဗျာ...
လောကတရားကိုလည်း ညွှန်ပြထားပါသေးသဗျ...ဒီသီချင်းလည်း ကျွန်တော်အကြိုက်ဆုံးထဲကပါပဲ...ဘယ်လောက်လည်းဆိုရင်...
ကိုငှက်ရဲ့ ဒီသီချင်းကို ကျွန်တော် Stereo , Mono နှစ်မျိုးလုပ်ပြီးသိမ်းထားမိတဲ့အထိပေါ့...တစ်ခါခါ နားကြပ်နဲ့နားထောင်ရင် Stereo Version က တစ်ဖက်ကတီးလုံးသံ၊ တစ်ဖက်က

ဆိုတဲ့အသံလေ...
Mono Version မှာကျတော့ နားကြပ်နှစ်ဖက်စလုံး တီးလုံးရော၊ အဆိုသံပါ ပါတယ်...ကဲ...ကြိုက်ရာကိုအောက်မှာဒေါင်းလုပ်ဆွဲပါဗျာ...
ထူးအိမ်သင်ရဲ့ ညီလေးရေ သီချင်းပါ...
Stereo Version ကိုဒေါင်းလုပ်ဆွဲချင်ရင်
ဒီနေရာကိုနှိပ်ပါ
မရရင်
ဒီနေရာကိုနှိပ်ပါ...
Mono Version ကိုဒေါင်းလုပ်ဆွဲချင်ရင်
ဒီနေရာကိုနှိပ်ပါ
မရရင်
ဒီနေရာကိုနှိပ်ပါ...
အောက်က သီချင်းစာသားပါဗျာ...

အီးတီ
29.1.2015 ဆေးရုံမှ
ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းသို့

ထူးအိမ်သင် ညီလေးရေ


ညီလေးရေ လမ်းမမှားအောင်ရွေးကာ

အချိန်များဟာ နည်းလွန်းတယ် ဘဝမှာ


ညီလေးရေ မြစ်တစ်ခုမှာရေနှစ်ခါ

ချိုးလို့မရနိုင်တာ မင်းနားလည်ပါ


ညီလေးရေ လောကစာမျက်နှာ

သင်ကြားပါ ကောင်းမှုရှာတဲ့အခါ


ညီလေးရေ အများအကြိုးဆောင်ယူပါ

နှလုံးသားရဲ့အမှန်တရား စွဲမြဲခိုင်မာ


စည်းနှစ်ဖက်ရဲ့ကြား မင်းမရပ်နဲ့ကွာ တွေဝေတတ်သူအလုပ် တို့နဲ့မဆိုင်ပါ

လမ်းတစ်ခုသာရွေး အမှားသို့မဟုတ်အမှန် ဒါပဲပေါ့ကွာ ယုံကြည်စိတ်ထား

မင်းသွေးများအားနည်းနေလား သွေးသစ်လဲလိုက်ပေါ့ အမှန်တရား

လောကကောင်းကြိုးထမ်းရွက်မယ့် လူသားတစ်ယောက်အဖြစ်နဲ့


ညီလေးရေ လမ်းရွေးပြီးရင်သွားကွာ

အချိန်မရှိပါ တို့နောက်မှာသေခြင်းတရား


ညီလေးရေ လမ်းဆုံးရင်ရွာတစ်ရွာ

ရောက်ရှိဖို့ယုံပါ စွဲမြဲခိုင်မာ


စည်းနှစ်ဖက်ရဲ့ကြား မင်းမရပ်နဲ့ကွာ တွေဝေတတ်သူအလုပ် တို့နဲ့မဆိုင်ပါ

လမ်းတစ်ခုသာရွေး အမှားသို့မဟုတ်အမှန် ဒါပဲပေါ့ကွာ ယုံကြည်စိတ်ထား

မင်းသွေးများအားနည်းနေလား သွေးသစ်လဲလိုက်ပေါ့ အမှန်တရား

လောကကောင်းကြိုးထမ်းရွက်မယ့် လူသားတစ်ယောက်အဖြစ်နဲ့


ညီလေးရေ မင်းအကြောင်းဟာသမိုင်းမှာ

မှတ်သားစရာ မရှိခဲ့တယ်မဟုတ်ပါ


ညီလေးရေ အားလုံးဟာမရေရာ

ဝမ်းနည်းဖို့မလိုတာ မင်းနားလည်ပါ

No comments:

Post a Comment