Monday, January 26, 2015

ဖြိုးကြီး ရွှေမင်းသမီးနဲ့ ဂစ်တာအို + ရည်ရွယ် စာ (၁)

  ရည်ရွယ် စာ (၁)


ငှက်ကလေးတွေတောင် ကောင်းကင်ယံထဲ
အတူပျံသန်းသွားကြပြီ ကောင်မလေးရေ...
ငါတို့ကတော့
အတောင်ပံတစ်စုံတောင် ဝယ်မနိုင်သေးဘူး

အကြောက်တရားဆိုတာမျိုးဟာ
ခုခံကာကွယ်နိုင်စွမ်းမရှိတဲ့ အချိန်မှာ
ပိုသွားတတ်တာမျိုး ဖြစ်မယ် ထင်ပါတယ်
ဟိုးအဝေးက
ကောင်းကင်ပြာပြာလေးတွေထဲကို
မိုးသားမဲမဲကြီးတွေ တိုးဝင်သွားမှာကို
ငါကြောက်တယ် ကောင်မလေးရေ...

မျှော်လင့်ချက်ဆိုတာ
သေဆုံးတတ်တာမှ မဟုတ်တာပဲ
ကောင်မလေး သိထားရမှာက
ငါတို့မသေဆုံးသေးသမျှ
မဖြစ်နိုင်တာ မရှိဘူး ဆိုတာကိုပေါ့...

ကောင်မလေးရေ...
ငါထင်တာကတော့
ငါတို့အတွက် လှပတဲ့အနာဂါတ်ဆိုတာ
အခုဒီခဏပြီးရင်တောင် ရှိနေနိုင်တယ်...
သိလား...

အီးတီ(26.1.2015 2:00AM ဆေးရုံတက်နေစဉ်)

ဒီကဗျာလေးပုံနဲ့ စာပါတဲ့ ဖြိုးကြီး ရဲ့ ရွှေမင်းသမီးနဲ့ ဂစ်တာအို mp3 ကို
ဒေါင်းလုပ်ဆွဲချင်ရင် ဒီနေရာကိုနှိပ်လိုက် ပါနော်...
မရရင်
ဒီနေရာကိုနှိပ်ပြီးဒေါင်းလုပ် လုပ်ပါ...
ဖုန်းကနေလည်းဒေါင်းလုပ်ဆွဲလို့ရပါတယ်ခင်ဗျာ...

No comments:

Post a Comment