Tuesday, January 20, 2015

ခင်မောင်တိုး ချစ်သူသိစေ (Live Show Version)


ပန်းပွင့်ရှိမှ နမ်းရတာမဟုတ်ဘူး
ဖူးသည့်အငုံထုံသည့်တစ်ပွင့်
နမ်းခွင့်တစ်ရှိုက်ရခိုက်မှာ
ထာဝရအမြဲတည်
နှလုံးသားမှာစွဲမြဲစွာထုံရစ်
ဆွတ်ပျံ့နေချစ်သူသိစေ...
..........................................

တွေ့ခွင့်ရမှ မင်းမျက်နှာလဝန်း
ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့်
မင်းမရှိလည်းစွဲမြဲစွာ
ဘယ်လောက်ဝေးနေ
မော့ကြည့်ရင်မိုးကောင်းကင်လိုရှိ
တွေ့လို့နေချစ်သူသိစေ...
.........................................

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရဲ့ကဗျာကို
သီချင်းအဖြစ်ဖန်တီးထားတာပါ....
ကိုတိုးကြီးကဆိုတော့ ကျွန်တော်အကြိုက်ဆုံး သီချင်းတစ်ပုဒ်ဖြစ်သွားရော...
မူရင်းကဗျာကလည်း တအားကောင်းလို့ပါ...
ချစ်သူသိစေ တဲ့....
လှလှပပ တည်ဆောက်ထားတဲ့ သီချင်းလေးတစ်ပုဒ်ပါဗျာ...
ချစ်သူနဲ့ဝေးနေပေမယ့် စိတ်ကအမြဲနီးနေတယ်ဆိုတဲ့ခံစားချက်မျိုးနဲ့ သီဖွဲ့ထားတာပါ...
လောလောဆယ်တော့ ကျွန်တော့်ရဲ့ Favourite သီချင်းလေးပါပဲ..
ကျွန်တော်လည်းအဲဒီလို ခံစားနေရတယ်လေ...
ဟဲဟဲ...ကြော်ငြာဝင်ကြည့်တာ...
ကဲ...
ချစ်သူသိစေ တဲ့...
ခင်မောင်တိုး(ကိုတိုးကြီး)ဆိုထားတာပါနော်...
Live Show Version ပါ...
နားထောင်ချင်သူတွေအတွက်
ဒီမှာ ယူလိုက်ပါဗျာ...
ဖုန်းကနေ အင်တာနက်အသုံးပြုသူတွေကတော့
ဒီမှာ ယူလိုက်ပါဗျာ...

No comments:

Post a Comment